Loading the player...


INFO:
ချင်းမိုင် မြန်မာဈေး ထိုင်းအာဏာပိုင် ဝင်စစ် ဧရာဝတီ၊ ဇူလိုင် ၁၇၊ ၂၀၂၅ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာအစားအစာများ စုစည်းရောင်းချသည့် အစားအသောက်တန်း Memories Of Chiangmai ဝင်းကို ထိုင်းအာ ဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဆိုင်ပိုင်ရှင် ၃ ဦးနှင့် ရွှေ့ပြောင်းအလုပ်သမား ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ယနေ့ ဖော်ပြသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် ချင်းမိုင်မြို့၌ မြန်မာလူမှုအဖွဲ့အစည်းအသိုင်းအဝိုင်းတခု ပေါ်ပေါက်နေ ကြောင်းသတင်းများအရ ချင်းမိုင်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးပူးပေါင်း အဖွဲ့သည်ဇူလိုင် ၁၆ ရက် ညနေ ၅ နာရီခန့်က Memories Of Chiangmai ဝင်းအတွင်း ဝင်ရောက်၍ ကွင်းဆင်းလေ့လာခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပါမစ်များ စစ်ဆေးခဲ့ကြောင်း ဆိုထားသည်။ စစ်ဆေးမှုအတွင်း အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေသူများနှင့် ၁၅ ရက်ထက်ကျော်လွန်၍ အကြောင်းကြားရန်ပျက်ကွက်သည့်သူများ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးပြီး Chang Phueak ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ Memories Of Chiangmai (MoC) က ယင်းသို့ ထိုင်းအာဏာပိုင်များစစ်ဆေးခဲ့ခြင်းအပေါ် လုပ်ငန်းခွင်ဘေးကင်းရေးနှင့် အလုပ်သားမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များအား လမ်းညွှန်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် MoC တွင် ရှိသူများ၏ ဘေးကင်းလုံခြုံမှုရှိစေရေးကိစ္စရပ်များအား တိုးမြှင့်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဓာတ်ပုံ- เสพข่าวเชียงใหม่